အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။

ရဲဘော်ဘသော်ရဲ့ ဈာပန အခမ်းအနားကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်ပါပို့ဆောင်ခဲ့ကြပြီး ဘသော်ဟာ တိုင်းပြည်တာဝန်ကို မြင့်မြတ်စွာထမ်းဆောင်ရင်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းရောက်နေသည့် သားဖြစ်ကို စားနပ်ရိက္ခာများ သယ်ဆောင်ပြီး တွေ့ဆုံ ခဲ့သည့် ဖခင် (ရုပ်/သံ)

ပခုက္ကူ ဒေသအတွင်း ရှေ့တန်းရောက်နေတဲ့ PDF ရဲဘော်ကို သူ့ရဲ့ အဖေဖြစ်သူက လိုက်လံတွေ့ဆုံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင်စစ်ဌာနက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ဗန်းမောက်တိုက်နယ်အတွင်း စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမျှဝေ (ရုပ်/သံ)

ဗန်းမောက်တိုက်နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗန်းမောက် မြို့နယ် ပကဖ အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာမျှဝေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆား‌တောင်မြို့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးခန့် သေ၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNL ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း သေ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ‌ညောင်ရွှေမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ဗိုလ် မှူးအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Pekhon Sky Predators Drone Force အဖွဲ့ထံက သိရပါတယ်။