မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုန်လမ်းဆုံမှာ ကား၊ ဆိုက်တွဲတွေကို အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ လက်ပါးစေ ပျူစောထီး ပူးပေါင်းအင်အား (၁၁)ယောက်ကို မတ်လ ၁၄ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်အုပ်စုဟာ မုံရွာမြို့နယ်၊ ရွာထောင်ကျေးရွာမှာ တပ်စွဲထားတာဖြစ်ပြီး ပြည်သူတွေကို အနိုင်ကျင့် ပိုက်ဆံတောင်းနေချိန်မှာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ရဲဘော်တွေ (၃)နေရာခွဲ ပြီး စစ်ဆင်ရေး ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီများနှင့် စစ်အုပ်စုလက်အောက်ရှိ Non – CDM ဝန်ထမ်းများ အပြီးပိုင်ထွက်ခွါခဲ့ကြရန် နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဆားလင်းကြီး ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non - CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non - CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီထံက သိရပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းကို ခရိုင်အတွင်းလှုပ်ရှားနေသည့် တပ်ရင်းတပ်ဖွဲ့ ၈ခုဖြင့် စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ "မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း" ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။