TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့  လူထိခိုက်မှုအများအပြားရှိခဲ့ကြောင်း TNLA က ဒီနေ့မတ်လ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေထဲက နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ ဒီနေ့ ညနေ (၅း၃၀)နာရီ အချိန်မှာ လေကြောင်းကနေ လာရောက်တိုက်ခိုက်သွားခြင်းဖြစ်ပါတယ်။ 

စစ်ကောင်စီလေတပ်ရဲ့ ဂျက်ဖိုက်တာဟာ ပရိယတ္တိစာသင်တိုက်ကို ဗုံး (၄)လုံးနဲ့ စက်သေနတ်များ လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူလူထုအများအပြား ထိခိုက်မှုရှိပြီး နေအိမ်နှင့် ကျောင်းဆောင်လည်း အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံး ဒဏ်ရာရမှု အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြလာခြင်းမရှိသေးဘဲ ထိခိုက်မှုအခြေအနေတွေကို ထပ်မံဖော်ပြပေးသွားမယ်လို့ TNLA က အသိပေးပါတယ်။

ပြီးခဲ့တဲ့လပိုင်းက တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ TNLA တို့ရဲ့ နှစ်ဖက်ဆွေးနွေးပွဲမှာ ညှိုနှိုင်းမှုမရဘဲ ပျက်ပြယ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။