အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း သွားရောက်ခဲ့ပြီး ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကင်မ် အဲရစ် ဟာ Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာဖြစ်ပြီး မတ်လ ၁၄ ရက်မှာ မြန်မာသံရုံးကို လာရောက်ကာ Suu 80th Birthday အမှတ်တရထုတ်ဝေတဲ့ ပြက္ခဒိန် လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရုံးချုပ်မှာ မတ်လ ၁၃ ရက်က ကျင်းပခဲ့တဲ့ UN Event မှာလည်း ကင်မ်အဲရစ်က မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးသင့်အမျိုးသမီးတွေနဲ့ ကလေးတွေ ခံစားနေရတဲ့ Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ လိုအပ်နေတဲ့ မြန်မာနိုင်ငံက လူဦးရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အသေးစိတ်ကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
​မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်သွားဖို့ ရှိနေတဲ့ Suu 80th Birthday Campaign အတွက် အမေရိကန်ရောက် မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲကို ကိုထိန်လင်းနဲ့အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell တို့ တက်ရောက်မယ်လို့ သိရပါတယ်။
Photo – Kyaw Soe Latt/ Terry Win
0 Shares:
You May Also Like
Read More

ပေါက်တွင် တပ်မ ၉၉ အပါ လက်အောက်ခံတပ်ရင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၇ ဦး သေ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း သိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၁၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် အမည်မသိအမျိုးသား ၃ ဦးကို SNA တပ်ဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွား

" ဒီနေရာမှာ ပြောစရာရှိတာက ဖားကန့်ကို မိန်းလမ်းမကြီးကနေသွားလို့ရပေမယ့် မှော်စီစာကနေ ဖားကန့်ကိုဝင်ဖို့ အမှိုက်ပုံလမ်းလည်း ရှိပါတယ်၊ ကုမ္ပဏီလုပ်ကွက်တွေ ရွာတွေကနေ ဖြတ်သွားရတာပါ။ စကစ စစ်ကြောင်း ညအိပ် ထွက်သွားတဲ့ တောင်ယာကုန်းမှာ အစောနက အမျိုးသားသုံးဦးကို တွေ့ရတာ ဖြစ်ပါတယ်" လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ကာလမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မိပြီးနောက် စစ်ကောင်စီလည်း ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း ကြေညာ

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ဧပြီ (၂) ရက်မှ  (၂၂) အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ ဧပြီလ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ များလာသလို သေနတ်ဒဏ်ရာဖြင့် သေဆုံး ရုပ်အလောင်းလည်း များပြားလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေ များပြားလာသလို သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေလည်း များလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။