အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အနေနဲ့ အထူးတပ်ဖွဲ့၊ တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသရဲ့ အရေးပါတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ၊ LPDF တွေနဲ့အတူလက်တွဲပြီး ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
SOF နဲ့အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ အတူတကွလက်တွဲ တိုက်ပွဲဝင်လိုတဲ့ လူငယ်တွေကို ကြိုဆိုလက်ခံနေတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

တပ်ဖွဲ့ဝင်လိုသူတွေအနေနဲ့လည်း SOF တပ်ဖွဲ့ရဲ့ Facebook messenger

 

၊ Signal Username SOFJY.72121၊ Telegram Username 👉 @SOFJY72121 တို့ကို ဆက်သွယ်နိုင်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

ပြည်သူကို ဗဟိုပြု တော်လှန်လူထု လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်အခြေစိုက် တော်လှန်လူငယ်တွေက “'ပြည်သူကိုဗဟိုပြု တော်လှန်လူထု” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စေတုတ္တရာတွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်သူ၊ ကူညီသူ၊ စည်းရုံးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပကဖ သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၂၀နီးပါး ထိခိုက်သေဆုံး

"ပစ်တဲ့ လက်နက်ကြီးကတော့ ကျနော်တို့ နာမည်တော့ မပေးထားပါဘူး။ ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ လက်လုပ်လို့ပဲ ပြောရမှာပေါ့။ ၇လုံးပစ်တာမှာ ၅လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် ၂လုံးကတော့ အလွဲအချော်ဖြစ်ခဲ့ပါတယ်။" လို့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။