တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။

ပျူစခန်းကနေ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့သော်လည် ပြည်သူ့ရဲ ဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ့၊ TPLFဒရုန်းတပ်ဖွဲ့၊ Sky Ghost(1)ဒရုန်းတပ်ဖွဲ့၊ နွေဦးပြောက်ကျားဒရုန်းတပ်ဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ‘ All Power to the People ‘ ဆိုတဲ့ စာတမ်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေနဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်က ' All Power to the People ' စာတမ်းဘန်နာချိတ်ဆွဲကို General Strike Committee ရဲဘော်တွေက ချိတ်ဆွဲပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား အောင်ချမ်းမြေ့နှင့် တွေ့ဆုံမေးမြန်းမှု (ရုပ်/သံ)

''တပ်တွင်းမှာ လူအင်အားနည်းတာတွေ ဖြစ်နေတယ်။ ရှေ့တန်းဆိုရင် တောက်လျှောက်ထွက်နေရတယ်။ နောက်တန်းမှာ တစ်လ၊ နှစ်လလောက်ပဲ နားရသေးတယ်။ ရှေ့တန်းပြန်ပြန်ပါသွားတယ်။ ရှေ့တင်ကျရင်တော့ လူကြီးပြောသွားရင်တော့ မခံချင်လည်း သည်းခံရတယ်ပေါ့။ ဒါပေမယ့် ကွယ်ရာကျရင်တော့ တိုက်ပွဲမဖြစ်သေးလို့ တိုက်ပွဲဖြစ်ရင်တော့ ငါပစ်သတ်မှာပဲပေါ့။ ဒါမျိုးတွေ ပြောတာဆိုတာတွေ ကြုံရတယ်''
Read More

မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော် ရဲမေများက ငလျင်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော်ရဲမေတွေဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။