စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း – ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေး နယ်မြေတစ်နေရာမှာ ရေဦး PDF က ရဲဘော် ဟစ်တလာ ၊ ရဲဘော်ကတုံးနဲ့ ရဲဘော် ပိုလာတို့ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် ဟစ်တလာ ၊ ရဲဘော် ကတုံးနဲ့ ရဲဘော် ပိုလာ တို့ဟာ ရေဦး PDF မှာ တိုက်ရည်ခိုက်ရည်နဲ့ အမိန့်နာခံမှု ကောင်းတဲ့ ရဲဘော်တွေ ဖြစ်တယ်လို့လည်း ရေဦး PDF က ဆိုပါတယ်။
ရေဦး PDF အနေနဲ့လည ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆထက်တပိုး ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

တပ်ကုန်းမှာ ရွေးကောက်ပွဲအတုကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဦး သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။