ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့က ရှေ့တန်းကင်းစခန်းတချို့ကို စစ်ကောင်စီက လူအင်အား၊ ဒရုန်းအင်အားနဲ့ လက်နက်အင်အား သာလွန်စွာ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ လက်လွှတ်ထားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်လွတ်ထားခဲ့ရတဲ့ ကင်းစခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သားတွေလည်း ဆုတ်ခွာ ထွက်ပြေးသွားရာ လက်နက် (၉) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ ကင်းစခန်းတွေက မြို့နဲ့ မဝေးပါဘူး၊ သူတို့ အင်အားက ခန့်မှန်း ၁၀၀-၂၀၀ ကြားလောက်မှာ ရှိပါတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေး ထဖြစ်နိုင်ပါတယ်။ သူတို့က မိုးဗြဲမြို့ပြန်ရဖို့ အသည်းသန် စစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးပြီး ခန့်မှန်းအင်အား ၆၀၀ ဝန်းကျင်လောက်နဲ့ ထိုးစစ်ဆင်တာ ၃ လထဲ ရှိနေပါပြီ” လို့ ⁨ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ⁩ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က KNDF/B-03 မှ ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓါတ်ငွေ့ဗုံးတွေ၊ မီးလောင်ဗုံးတွေကို အသုံးပြု တိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာ အနည်းဆုံး နေအိမ် (၁၅) လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဓာတုဗုံးတွေ၊ မီးလောင်ဗုံးတွေ သုံးတယ်နော်… ဘယ်လိုအခြေအနေမှာ အသုံးပြုလည်းဆိုတော့ မီးလောင်ဗုံး အဆိပ်ငွေ့က သူတို့အရေးနိမ့်တဲ့ အခြေအနေတွေမှာပါ” လို့ သူက ဆိုပါတယ်။
KNDF သတင်းပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကလည်း “စစ်ကောင်စီက ဓာတုအဆိပ်ငွေ့တွေ၊ မီးလောင်းဗုံးတွေ သုံးတယ်ဆိုတာကို ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်တွေအရ အတည်ပြုထားပါတယ်” လို့ ဆိုပါတယ်။
အခုတိုက်ပွဲကို ရှမ်းတောင်စစ်ဒေသခွဲဗျူဟာအမှတ်(၁) ၊ DMS PDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ၊ DMO PDF အစရှိတဲ့မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ
0 Shares:
You May Also Like
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သား အယောက် ၅၀ သေဆုံး

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် ပကဖ က စစ်ဘေးရှောင် ပြည်သူတွေကို ဆေးဝါးကုသမှုပေးနေ

မန္တလေးတိုင်း‌၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ် ပကဖ က ဆေးဝါးကုသရာမှာ ခက်ခဲနေတဲ့ ကျေးရွာတွေကို ကွင်းဆင်းကာ လိုက်လံကုသပေးနေတယ်လို့ သိရပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။