ကချင််ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို အရပ်ဘက် တော်လှန်ရေးအင်အားစု (၄)ဖွဲ့ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်(ဖားကန့်မြို့နယ်)၏ အဖွဲ့ဝင်များ၊ နွေဦးသစ္စာအဖွဲ့၊ နွေဦးရောင်နီ(တာမခံအဖွဲ့)နဲ့ ဖားကန့်မှော်လှည့်သပိတ်အင်အားစုတွေက ILO implement Article 33 Myanmar Now 2025 ခေါင်းစဥ်နဲ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အရေးယူရေးအတွက် မတ်လ ၁၀ ရက်ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် ILO Governing Body-ILO အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ထိရောက်တဲ့ အရေးယူနိုင်ရေးအတွက် ဖားကန့် လူထုက အလိုရှိတယ်လို့ ပြောဆိုထားပါတယ်။
ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ အသံကို သိရှိစေဖို့အတွက် အခုလို ဆန္ဒပြလှုပ်ရှားရတာဖြစ်တယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရွှေ့ပြောင်းအကျဥ်းသားများကို အိုးဘိုထောင်အာဏာပိုင်များ အကြမ်းဖက်ရိုက်နှက်မှုကြောင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

"မနေ့က ၁၁ နာရီနဲ့ ၁၂ကြားမှာ အိုးဘိုထောင်ကို ကားတွေနဲ့ရောက်တယ်ပေါ့။ ရောက်တာနဲ့ဘာအကြောင်းပြချက်ကိုမှမပေးပဲ ရိုက်တာပါ။ တစ်ချို့ကလည်း ရိုက်လို့ကောင်းအောင်အကြောင်းပြချက်ပေးတယ်။ ထောင်ပြောင်းတဲ့လမ်းခရီးမှာ လုံခြုံရေးထိခိုက်အောင်သတင်းတွေထွက်စေလို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီးရိုက်တာပေါ့။ တစ်ချို့ကိုလည်း​ထောင်ပြောင်းတဲ့အခါ ဦးချိုးတာပေါ့။ ဦးဆောင်သူလို့ ယူဆရတဲ့သူတွေ ငြိမ်သွားအောင်ဆိုပြီး လုပ်တဲ့သဘောပါ။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။