မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။

မတ်လ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နှိမ်နင်းခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂိတ်စခန်းရှိ လက်နက်ခဲယမ်းတွေ ကောက်ယူဖို့ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ် ဘက်က တပ်ကူတွေရောက်ရှိလာပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ့ရဲ ဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မ-ရေပြာလမ်းပိုင်းတွင် ယာဉ်တန်းတိုက်ခိုက်ခံမှုကို ကာကွယ်နိုင်ရန် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲ၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် ​မြန်မာအတုအယောင်ရွေးကောက်ပွဲအသိမပြုရန် တရုတ်ဘာသာစကားဖြင့် ဆန္ဒထုတ်ဖော် (ရုပ်/သံ)

လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

၂၀၂၅ ခုနှစ် ပထမဆုံးရက်မှာ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကို ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။