ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့က ရှေ့တန်းကင်းစခန်းတချို့ကို စစ်ကောင်စီက လူအင်အား၊ ဒရုန်းအင်အားနဲ့ လက်နက်အင်အား သာလွန်စွာ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ လက်လွှတ်ထားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်လွတ်ထားခဲ့ရတဲ့ ကင်းစခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သားတွေလည်း ဆုတ်ခွာ ထွက်ပြေးသွားရာ လက်နက် (၉) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ ကင်းစခန်းတွေက မြို့နဲ့ မဝေးပါဘူး၊ သူတို့ အင်အားက ခန့်မှန်း ၁၀၀-၂၀၀ ကြားလောက်မှာ ရှိပါတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေး ထဖြစ်နိုင်ပါတယ်။ သူတို့က မိုးဗြဲမြို့ပြန်ရဖို့ အသည်းသန် စစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးပြီး ခန့်မှန်းအင်အား ၆၀၀ ဝန်းကျင်လောက်နဲ့ ထိုးစစ်ဆင်တာ ၃ လထဲ ရှိနေပါပြီ” လို့ ⁨ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ⁩ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က KNDF/B-03 မှ ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓါတ်ငွေ့ဗုံးတွေ၊ မီးလောင်ဗုံးတွေကို အသုံးပြု တိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာ အနည်းဆုံး နေအိမ် (၁၅) လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဓာတုဗုံးတွေ၊ မီးလောင်ဗုံးတွေ သုံးတယ်နော်… ဘယ်လိုအခြေအနေမှာ အသုံးပြုလည်းဆိုတော့ မီးလောင်ဗုံး အဆိပ်ငွေ့က သူတို့အရေးနိမ့်တဲ့ အခြေအနေတွေမှာပါ” လို့ သူက ဆိုပါတယ်။
KNDF သတင်းပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကလည်း “စစ်ကောင်စီက ဓာတုအဆိပ်ငွေ့တွေ၊ မီးလောင်းဗုံးတွေ သုံးတယ်ဆိုတာကို ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်တွေအရ အတည်ပြုထားပါတယ်” လို့ ဆိုပါတယ်။
အခုတိုက်ပွဲကို ရှမ်းတောင်စစ်ဒေသခွဲဗျူဟာအမှတ်(၁) ၊ DMS PDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ၊ DMO PDF အစရှိတဲ့မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ…

ချင်းပြည်နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

TRI ဗျူဟာမှူးက ဗျူဟာရှိရဲဘော်များ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်တက်ကြွစေရန် စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားများပြောကြားခြင်းနှင့် International Humanitarian Law အကြောင်း သင်တန်းပို့ချခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၂၂၂ တပ်ရင်း(TRI) ဗျူဟာရဲ့ ဗျူဟာမှူးက (TRI)ဗျူဟာရှိ ရဲဘော်ရဲဘက်တွေကို ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တက်ကြွမှုတွေ မြင့်တက်စေဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်မြှင့်တင်ရေး နဲ့ အားပေးစကားတွေ ပြောကြားခဲ့ကာ ( TRI )ဗျူဟာရဲ့ တပ်တွင်းစစ်စည်းကမ်းတွေ၊ ဥပဒေများတွေအကြောင်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးအရေးယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ဝင် သက်ဝေထွန်းကို ဖမ်းဆီးကာ အရေးယူဖို့ လုပ်ဆောင်နေကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တင်မည့် PDF အထူးတိုင်းစစ်ဌာနအား NUG ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။