ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားမှာတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အောင်လံတော်လွှင့်တင်ပြီး အလေးပြုကာ သစ္စာအဓိဌာန် ရွတ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အင်တာနေရှင်နယ်သီချင်း သီဆိုဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မတော်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီနေ့မှာတော့ ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
“ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတလှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ ” ၊ “ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ” လိုလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကြွေးကြော်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့က စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ က ရဲဘော်တွေကို လက်နက်တပ်ဆင်ပေး

မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။