ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
သမ္မတဟောင်း ဒူတာတေးကို သူကျူးလွန်ခဲ့တယ်လို့ သံသယရှိခံရတဲ့ ပြစ်မှုတွေ၊ ICC ရဲ့ ရောမစာချုပ်ပါ သူ့ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ အသိပေးခဲ့ပြီး ရုံးတော်ရဲ့ခွင့်ပြုချက်အရ မစ္စတာဒူတာတေးဟာ ICC ထိန်းသိမ်းရေးဌာနကတစ်ဆင့် အွန်လိုင်းကနေ ရုံးထုတ်ခံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကြားနာမှုကို ICC အမျိုးသမီးတရားသူကြီး ၃ ဦးက ဦးဆောင်ခဲ့ပြီး ဒူတာတေးရဲ့ရှေ့နေအဖြစ် သူ့မိတ်ဆွေရင်း ရှေ့နေ ဖြစ်သူ မစ္စတာ Salvador Medialdea က ဆောင်ရွက်တာကို မြင်တွေ့ရပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်အတွင်း ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကို ကနဦးကြားနားတာဖြစ်ပြီး အခုလို နောက်တစ်ကြိမ်အဖြစ် ပြစ်မှုတွေ အတည်ပြုရေးနဲ့ပတ်သက်တဲ့ ကြားနာစစ်ဆေးမှုကို စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်မယ်လို့ တရားသူကြီးက ပြောကြားထားပါတယ်။
ပြစ်မှုတွေကို အကုန်လုံးဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် အတည်ပြုနိုင်ပြီဆိုရင် အမှုကို ကြားနာစစ်ဆေးရေးရုံးတော်ကို လွှဲပြောင်းမှာဖြစ်ပြီး ရုံးတော်ဟာ လုပ်ထုံးလုပ်နည်းရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရုံးတင်စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်တွေအတွက် ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်မှာ ICC ရှေ့နေချုပ်ရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်တင်ခဲ့တာဖြစ်ပြီး ၂၀၂၅ မတ် ၁၁ ရက်မှာတော့ ဟောင်ကောင်ကနေ မနီလာလေဆိပ်ကို ရောက်ရှိချိန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကန်ချနဘူရီ ရေလှောင်တမံမှာ မြန်မာလုပ်သား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ လှေနစ်မြုပ်မှုကြောင့် သေဆုံးဟု ယူဆ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။