မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။

မတ်လ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နှိမ်နင်းခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂိတ်စခန်းရှိ လက်နက်ခဲယမ်းတွေ ကောက်ယူဖို့ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ် ဘက်က တပ်ကူတွေရောက်ရှိလာပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ့ရဲ ဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးကားလမ်းတွင် မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite - Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမှာ တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၆ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာအနီး တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ယောက်သေပြီး ၈ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

စင်ကာပူနိုင်ငံက တီထွင်ထားတဲ့ စက်ရုပ်ပိုးဟတ်တွေကို မြန်မာငလျင်ကယ်ဆယ်ရေးအတွက် ပထမဆုံးစတင်အသုံးပြု (ရုပ်/သံ)

မြန်မာနိုင်ငံ ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် အထောက်အကူပြုနိုင်ဖို့ စင်ကာပူနိုင်ငံက တီထွင်ထုတ်လုပ်ထားတဲ့ စက်ရုပ်ပိုးဟတ် ၁၀ ကောင်ကို ပို့ဆောင်ထားပြီး စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။