ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ အမှိုက်ကောက်သူအဖြစ် ဟန်ဆောင်ရင်း PDF တပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို လာရောက်စုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူး ကိုကရင်လေးက မောင်းကိုပြောပါတယ်။
မတ်လ ၁၅ ရက်၊ ဒီနေ့မွန်းလွဲပိုင်းက သာယာဝတီ ခရိုင်တပ်ရင်း (၃၈၀၁) တပ်ခွဲ – ၁ YOMA GBK PDF တပ်ဖွဲ့ဝင်တွေ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအနီးမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန် အမှိုက်ကောက်နေတဲ့သူတစ်ယောက်ကို မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးရင်းစစ်ကောင်စီတပ်ကြပ်ကြီး ဖြစ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။
” ကျနော်တို့ရဲဘော်တွေက အဲ့နေရာမှာ စခတွေအတွက်သတ်ကွင်း ( မိုင်း) ပြင်နေတာပေါ့။ အဲ့အချိန်မှာ တဲ့အဲ့လူက ခပ်လှမ်းလှမ်းကနေ ပလတ်စတစ်ကောက်ရင်း ကျနော်တို့ရဲဘော်တွေကိုကြည့်လိုက် ကျနော်တို့က ကြည့်ရင် လှည့်သွားလိုက်လုပ်နေတာ။ မသင်္ကာတာ​နဲ့ ခေါ်စစ်တော့ ဖုန်းထဲမှာ သင်တန်းတက်ထားတာတွေ၊ ယူနီဖောင်းနဲ့ပုံတွေထွက်လာတယ်။ နာမည်က ဇေယျာထက်ပါ။ အခုတော့တပ်ကြပ်ကြီးအဆင့်ရှိပြီ ပြောရမယ်” လို့ Yoma GBK PDF တပ်ခွဲမှူး ကိုကရင်လေးက မောင်းကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်ကိုင်ဖုန်းကို ယူဆောင်စစ်ဆေးနေချိန်မှာ ဇေယျာထက်က ပြန်လည်ခုံခံဖို့ကြိုးစားရင်း ထွက်ပြေးခဲ့တာကြောင့် ဥယျာဉ်ကြီးကျေးရွာအနီး ဗျူဟာလမ်းပိုင်းအထိ နောက်ကနေလိုက်လံပစ်ခတ်ရှင်းလင်ခဲ့ရကြောင်းနဲ့ ဇေယျာထက်ဆီက ဆိုင်ကယ်၁စီးနဲ့ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း Yoma GBK PDF က သိမ်းဆည်းရမိခဲ့ပါသေးတယ်။
ဒါ့အပြင် ဇေယျာထက်ဟာအရပ်သားပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ရင်း အတင်းအဓမ္မ ဆက်ကြေးကောက်ခံနေတဲ့ ကြို့ပင်ကောက်မြို့နယ်နေ ပျူစောထီးခေါင်းဆောင် အေးမင်းဦးရဲ့ တပည့်ရင်းဖြစ်တယ်လို့လည်း ကိုကရင်လေးကပြောပြခဲ့ပါတယ်။
ပုံစာ- အသွင်ယူသတင်းထောက်ရင်း ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်
0 Shares:
You May Also Like
Read More

မန္တလေးမှာ ​အဆောက်အဦးပြိုကျလို့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ယောက်သေကာ ကလေးတွေအပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေဦးမြို့နယ် ပသုံးလုံးအဖွဲ့ ထောက်ပံ့…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး အကြမ်းဖက်စစ်ကြောင်းတို့ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကား ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် လှိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရ

မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ "ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။