စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ​ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတန်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးကာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက် မနေ့က ညနေပိုင်းမှာ ရွှေဘိုမြို့အတွင်းကနေ ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်အုပ်စုကားတန်းကို ရွှေဘိုမြို့နယ် ပကဖ ရဲ့ ကွပ်ကဲမှုနဲ့ အတူ ပကဖ တပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်အုပ်စုကားတွေဟာ ဇီးဖြူကုန်း၊ ဇီးကုန်းလေးနဲ့ ပန်းရံကျေးရွာတွေက ဖြစ်ပြီး ရွှေဘို-ရေဦးလမ်းပိုင်းအတွင်း ပကဖ တပ်တွေက ကင်းပုန်းဝပ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီးလည်း ချောက်ထဲ ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေ ဖရိုဖရဲနဲ့ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် ကားပေါ်မှာ ရှိနေတဲ့ စားဆီပေပါ (၁) လုံးနဲ့အတူ (၁၀) ဂါလံဝင် စားဆီ (၆) ပုံးတို့ကို ပကဖ တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း လမ်းဘေးမြောင်းအတွင်း ထိုးကျသွားတဲ့ကားကိုတော့ အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်ဖို့ရာ မလွယ်ကူတာကြောင့် မှတ်တမ်းတင် မီးရှို့ဖျက်ဆီးခဲ့​တယ်လို့ ရွှေဘို ပကဖ က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေအပေါ် အတည်ပြုနိုင်တာမရှိသေးပေမယ့်လည်း ကားအတွင်း သွေးစက်တွေ ရှိခဲ့တာကြောင့် ထိခိုက်မှု များနိုင်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရွှေဘို ပကဖ က ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့အတူ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) က ဦးဆောင်ပြီး တိုက်နယ် (၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ၊ တဂဏနဂါးမင်း ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရွှေဘိုမြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ရာမှာ ရိက္ခာပြတ်တောက်မှုတွေ ဖြစ်ပြီး ရွာလုံးကျွတ် စွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ပုံစာ – စစ်အုပ်စုကားကို ပကဖ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းဆည်းရမိစဥ်
0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ပြသချိန်တန်ပြီ ဟု NUG ယာယီသမ္မတ နှစ်သစ်ကူးမိန့်ခွန်းပြောကြား

တော်လှန်ရေးအင်အားစုတွေအားလုံး နိုင်ငံရေးအရရော စစ်ရေးအရပါ အခုထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ပြသဖို့ အချိန်တန်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
Read More

လောင်းလုံးတွင် မိုင်ခရိုဝေ့တောင်ပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အပါ ၃ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မိုင်ခရိုဝေ့တောင်ပေါ်ကို သွားရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် အကြမ်းဖက်စစ်တပ်ဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်က နိုင်ငံတကာတွင် ကန့်သတ်ထားသော ကလပ်စတာဗုံးများကို အသုံးပြုတိုက်ခိုက်နေ… အဆိုပါဗုံးများကို ကပစ-၂၁ တွင် တရုတ်နည်းပညာအကူအညီနှင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။