မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
မတ်လ ၁၄ ရက် မနေ့က မွန်းတည့်အချိန်မှာ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ မကွေး လေတပ်နဲ့ မီတ္ထိလာလေတပ်က လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆူးဝင်းရွာက နေအိမ် ၁ လုံးအပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး မီးလောင် ပျက်စီးကာ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင် ပြိုကျခဲ့ပြီး သက်တော် ၃၀ ကျော်အရွယ်ကိုရင်ကြီး ၁ ပါးနဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး သံဃာတော် ၁ ပါး၊ ကိုရင် ၃ ပါးနဲ့ ပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဝယ်တောင် (တ) ရွာ မြောက်ပိုင်းကိုလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျကာ အရပ်သားပြည်သူ ၇ ယောက်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့နယ်၊ ကျောက်အိုး (မြောက်) ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းကာ အိမ်တွေကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။