ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့က ရှေ့တန်းကင်းစခန်းတချို့ကို စစ်ကောင်စီက လူအင်အား၊ ဒရုန်းအင်အားနဲ့ လက်နက်အင်အား သာလွန်စွာ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ လက်လွှတ်ထားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်လွတ်ထားခဲ့ရတဲ့ ကင်းစခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သားတွေလည်း ဆုတ်ခွာ ထွက်ပြေးသွားရာ လက်နက် (၉) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ ကင်းစခန်းတွေက မြို့နဲ့ မဝေးပါဘူး၊ သူတို့ အင်အားက ခန့်မှန်း ၁၀၀-၂၀၀ ကြားလောက်မှာ ရှိပါတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေး ထဖြစ်နိုင်ပါတယ်။ သူတို့က မိုးဗြဲမြို့ပြန်ရဖို့ အသည်းသန် စစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးပြီး ခန့်မှန်းအင်အား ၆၀၀ ဝန်းကျင်လောက်နဲ့ ထိုးစစ်ဆင်တာ ၃ လထဲ ရှိနေပါပြီ” လို့ ⁨ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ⁩ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က KNDF/B-03 မှ ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓါတ်ငွေ့ဗုံးတွေ၊ မီးလောင်ဗုံးတွေကို အသုံးပြု တိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာ အနည်းဆုံး နေအိမ် (၁၅) လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဓာတုဗုံးတွေ၊ မီးလောင်ဗုံးတွေ သုံးတယ်နော်… ဘယ်လိုအခြေအနေမှာ အသုံးပြုလည်းဆိုတော့ မီးလောင်ဗုံး အဆိပ်ငွေ့က သူတို့အရေးနိမ့်တဲ့ အခြေအနေတွေမှာပါ” လို့ သူက ဆိုပါတယ်။
KNDF သတင်းပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကလည်း “စစ်ကောင်စီက ဓာတုအဆိပ်ငွေ့တွေ၊ မီးလောင်းဗုံးတွေ သုံးတယ်ဆိုတာကို ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်တွေအရ အတည်ပြုထားပါတယ်” လို့ ဆိုပါတယ်။
အခုတိုက်ပွဲကို ရှမ်းတောင်စစ်ဒေသခွဲဗျူဟာအမှတ်(၁) ၊ DMS PDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ၊ DMO PDF အစရှိတဲ့မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ
0 Shares:
You May Also Like
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။