ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်ကို လွှင့်တင်တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်ကို တပ်မှူးတပ်သားအပေါင်းက အလေးပြုတာနဲ့ ကျဆုံးရဲဘော်တွေကို သေနတ်ပစ်ဖောက် အလေးပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့တပ်မတော်သီချင်း သီဆိုတာ၊ စစ်ရေးပြ ချီတက်ကာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခဲ့ပြီး ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို အလေးနီပြုကာ ၄ နှစ်မြောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို ကျင်းပပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်က ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဒီနေ့မှာ ၄ နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။