ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂) ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ပူးလူးတူတပ်စခန်း မတ်လ (၁၄) ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က (၁၂) ယောက် သေဆုံးပြီး (၁၁) ယောက်က ထိုင်းနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ယောက်ထဲက (၃) ယောက် ဒဏ်ရာရရှိပြီး လက်နက်ငယ် ၂ လက်နဲ့ လက်ပစ်ဗုံး ၁ လုံး အတူပါရှိ လွတ်မြောက်သွားခဲ့တယ်လို့ KNU က ဆိုပါတယ်။
တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း (၆) ယောက် ဒဏ်ရာရရှိပြီး (၃) ယောက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပူးလူးတူစခန်း သိမ်းပိုက်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
0 Shares:
You May Also Like
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငွေကြေး အလွဲသုံးစားလုပ်ပြီး စစ်တပ်ထောက်တိုင်များနှင့် ပတ်သက်နေသည့် အခွန်တော်အရာအရှိအပါ ၇ဦးကို အရပ်ဖက်တရားစီရင်ရေးအတိုင်း အရေးယူသွားမည်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။