အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန စစ်ဦးစီးချုပ် ဗိုလ်လကျာ်၊ ဒုစစ်ဦးစီးချုပ်/စစ်ရေးချုပ် ဗိုလ်ငွေစိုး၊ စစ်ထောက်ချုပ် ဗိုလ်ဓူဝံ၊ စစ်ဦးစီးအဖွဲ့ဝင် (ကျန်းမာရေးတာဝန်ခံ ) ဒေါက်တာဂျိုးဇက်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ တပ်ရင်း (၈၀၄) တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ၊ ဒေါက်တာသက်ကို၊ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ၊ ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ခံတွေပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ နေပြည်တော်တိုင်းစစ်ဌာန စစ်ဦးစီးချုပ်ဗိုလ်လကျာ်က မိန့်ခွန်းပြောကြားခဲ့ပြီး ဒုစစ်ဦးစီးချုပ်/စစ်​ရေးချုပ် ဗိုလ်ငွေစိုးက ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားကာ တာဝန်ရှိသူအသီးသီးက သင်တန်းဆင်းလက်မှတ်နဲ့ ထူးချွန်ဆုရ သင်တန်းသားရဲဘော်တွေကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့နယ်က ရေးဘေးသင့် ကျေးရွာတစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ထောက်ပံ့ငွေ ၁၈၄ သိန်းပေးအပ်

မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝရှိစေရေး အပါ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ NUG အစိုးရ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။