ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
မတ်လ ၁၂ ရက် ညနေပိုင်းမှာ အူဒုံထနီရဲစခန်းမှူးက သေမှုသေခင်း သတင်းရရှိခဲ့တာကြောင့် အူဒုံထနီ ဗဟိုဆေးရုံက ဆရာဝန်တစ်ယောက်၊ Udon Thani Promotion Foundation က စေတနာ့ဝန်ထမ်းတွေနဲ့အတူ အခင်းနေရာကို သွားရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူကို တွေ့ရှိခဲ့တဲ့ အဆောက်အဦးရဲ့ ပထမထပ်၊ အခန်းအမှတ် (၁၄၃) ကို သံကြိုး၊ သော့ခလောက်တွေနဲ့ အတွင်းဘက်ကနေ ခတ်ထားပေမဲ့ အနောက်ဘက် သတ္တုခြုံစည်းရိုးမှာတော့ လူဝင်ထွက်ထားတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခြံစည်းရိုးဘေးမှာ ပလက်စတစ် ထိုင်ခုံတလုံးနဲ့ အနက်ရောင် ခြေညှပ်ဖိနပ်တစ်ရံ တွေ့ရပြီး အဆိုပါနေရာတစ်ဝိုက်မှာလည်း အနံ့ပြင်းပြင်းရတယ်လို့လည်း ဆိုထားပါတယ်။
သတင်းဖော်ပြချက်အရ သေဆုံးသူဟာ အသက် ၅၃ နှစ်အရွယ် လမိုင်း(Lamine) ဆိုသူ မြန်မာအမျိုးသားဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို အသက် ၅၀ အရွယ် တိုက်ခန်းပြင်ထိန်းသမား မွန် ဆိုသူက တွေ့ရှိကာ ရဲကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
အခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ချိန်မှာတော့ ရုပ်အလောင်းကို လဲလျောင်းတဲ့ အနေအထားနဲ့ တွေ့ရပြီး အတော်လေး ယိုယွင်းနေပြီဖြစ်သလို ရုန်းကန်ထားတာ ဒါမှမဟုတ် လုယက်ခံထားရတာ စတဲ့ လက္ခဏာမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ နိုင်ငံကူးလက်မှတ်၊ အဝတ်အစားတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို မပျက်မဆီးဘဲ တွေ့ရပြီး စားပွဲခုံပေါ်မှာတော့ စိတ်ကြွဆေး လေးလုံးခန့် တွေ့ရသလို သေဆုံးနေတာ လေးငါးရက်ခန့်ရှိပြီလို့လည်း ထိုင်းသတင်းမှာ ပါရှိပါတယ်။
အဆိုပါအခန်းကို လွန်ခဲ့တဲ့တစ်လနီးပါးက အသက် ၃၀ ခန့်အရွယ် နန်းသီယာ (Nanthiya) ဆိုသူ ထရန်ဂျန်ဒါ အမျိုးသမီးတစ်ယောက်ကို ငှားခဲ့တာဖြစ်ပြီး လမိုင်း၊ အခြား ထရန်ဂျန်ဒါ အမျိုးသမီးတစ်ယောက် တို့နဲ့အတူ နေထိုင်တယ်လို့ အခန်းပိုင်ရှင်ဖြစ်သူက ပြောဆိုထားပါတယ်။
လွန်ခဲ့တဲ့ သုံးလေးရက်ခန့်က နန်းသီယာဟာ ငွေလွှဲဖို့ ပိုင်ရှင်ရဲ့ ကိုယ်ရေးအချက်အလက် တောင်းခံခဲ့ရာ အခန်းပြန်အပ်မယ်ထင်တာကြောင့် နာမည်တစ်ခုသာ ပေးခဲ့သလို အဲဒီအချိန်ကစလို့ အိမ်မှာ လမိုင်းတစ်ယောက်တည်းကိုသာ မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ရှာဖွေတွေ့ရှိမှု မတိုင်မီ နှစ်ရက်ခန့်အလိုမှာ လမိုင်းနဲ့ စကားပြောဆိုမှု ရှိခဲ့ပေမယ့် ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်အရ သေဆုံးချိန်အပေါ် ပိုင်ရှင်အနေနဲ့ အံ့ဩမိတယ်လို့ ဆိုထားပါတယ်။
နှစ်ရက်မတိုင်ခင်တုန်းက လမိုင်းရဲ့ အခန်းထဲက ပန်ကာကို ပြင်ဆင်ပြီး ဆိုင်ကယ်နဲ့ သွားလာတာကို မြင်ခဲ့တဲ့အတွက် သေဆုံးသူရဲ့ ဆေးဘက်ဆိုင်ရာ ခန့်မှန်းချက်အပေါ် ပဟေဋိဖြစ်ခဲ့ရတယ်လို့ ပြင်ထိန်းသမားမွန်ကလည်း Khaosod ကို ပြောပါတယ်။
ကနဦးမှာ ရဲတပ်ဖွဲ့က အလောင်းကို အူဒုံထနီဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးရတဲ့ အကြောင်းအရင်း အတိအကျသိရဖို့ ရင်ခွဲစစ်ဆေးနေသလို လမိုင်းနဲ့ အတူနေခဲ့တဲ့ သံသယရှိသူ နှစ်ယောက်ကိုလည်း စုံစမ်းစစ်ဆေးနေပြီး အနီးအနားက CCTV မှတ်တမ်းတွေကနေ သက်သေပြန်လည်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
News- TheThaiger
0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။