ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၃ ရက် မနေ့က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဧရာဝတီအမှတ် ၃ တပ်ရင်းက PDF ရဲဘော် လမ်းပိုင်း စစ်ဆေးရေးတွေ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ၊ နီးနီးကပ်ကပ် နေထိုင်တာတွေကို ရှောင်ကျဉ်ကြဖို့လည်း PDF ရဲဘော်တွေက မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။