စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို မတ်လ ၁၂ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပန်းညိုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ကြည်းတပ်နဲ့ ရေတပ် ၂ ခုပေါင်းပိတ်ဆို့ပြီး ကျေးရွာ အတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ဒီနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းမှာ ပန်းညိုရွာကနေ ရေစကြိုမြို့နယ် မြေတော်ရွာကို ထွက်ခွာသွားပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး လျက်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံမှတ်တမ်း – Ko Nway Oo-Myaung

0 Shares:
You May Also Like
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။
Read More

ULF စစ်ကြောင်းထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို ပေးအပ် (ရုပ်/သံ)

အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို လိုက်လံပြသပြီး ULF စစ်ကြောင်းထံ အပ်နှံခဲ့ပါတယ်။ Union Liberation Front က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ပြည်သူ့စစ်များက တောထဲတစ်နေရာမှာ ဝှက်ထားတဲ့ MA-1 ၂ လက်၊ MA -2 ၁ လက် စုစုပေါင်း ၃ လက်နဲ့ ခဲယမ်းတွေကို ULF ရဲဘော်တွေကို လိုက်လံပြသပြီး အပ်နှံခဲ့ပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၇ ဦး ပွဲချင်းပြီးသေ (ရုပ်/သံ) 

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။