တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၅) မှာ ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းပြောကြားလိုက်တာပါ။

“တော်လှန်ရေးကို အနှောင့်အယှက် အတားအဆီးဖြစ်စေတဲ့ လောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို သေချာစောင့်ကြည့်ထိန်းကျောင်း တည့်မတ်သွားနိုင်ဖို့ အထူးလိုအပ်ပါကြောင်း၊ အလုပ်တာဝန်တွေ မအားလပ်တဲ့ကြားက ဌာနတာဝန်တွေနဲ့ ကွင်းဆင်းပေးနေကြတဲ့ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ ကွင်းဆင်းကြတဲ့အခါမှာ ကိုယ့်အစိုးရရဲ့ စစ်ရေး၊ ကာကွယ်ရေး ယန္တရားတာဝန်ရှိသူတွေရော အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိသူတွေကိုပါ တွေ့ဆုံ အားပေးစကား ပြောကြားပေးကြစေလိုကြောင်း၊ မြေပြင်အခက်အခဲနဲ့ သတင်းစကားတွေကိုလည်း သယ်ဆောင်လာပြီး တင်ပြပေးဖို့ တိုက်တွန်းလိုပါ‌ကြောင်း” ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ လောင်းကစားကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသေးစိတ် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

၂၀၂၅ ခုနှစ်အတွင်း NUG ရဲ့ အစိုးရအဖွဲ့ဝင်တချို့ဟာ မြေပြင်ကွင်းဆင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးရဲဘော်တွေနဲ့ မကြာခဏ တွေ့ဆုံလာကြပါတယ်။

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စရပ်တွေကို အထူးသတိပြုရှောင်ရှားဖို့ NUG ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက မကြာခဏ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကို မှာကြားလေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့ အမှန်မမြင်ဘဲ အကြမ်းဖက်နေသည်ဟု ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မင်းအောင်လှိုင် ပြော

ဒီနေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။