မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၁၃ ရက်အထိ မန္တလေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ယောက်နဲ့ အမျိုးသား (၁၃) ယောက် စုစုပေါင်း (၂၇) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၄) ယောက် ပါဝင်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၁၀ ရက် နေ့လယ်ပိုင်းကလည်း တောင်သာမြို့နယ်၊ အေးကျင်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းထဲ ရောက်ရှိနေတဲ့ မိန်းကလေးငယ် ၁ ယောက် ဗုံးစထိမှန်ကာ နေရာမှာပဲ  သေဆုံးခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတုတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို CDF-Hakha ပြည်သူပိုင်သိမ်း

အကြမ်းဖက်စစ်တပ် ကျင်းပဖို့ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်  ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha Central Council က ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။