ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားနဲ့အတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံက အကောင်အထည်ဖော်သွားဖို့ရှိနေတဲ့ ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ KNU ရဲ့ ဖာပွန်ခရိုင် တာဝန်ရှိသူတွေ၊ Karen Rivers Watch (KRW)၊ Karen Environmental and Social Action Network (KESAN)၊ Karen Women Organization (KWO)၊ Salween Peace Park၊ Karen Student Network Group (KSNG) အပါအဝင် ကော်သူးလေဒေသအတွင်းနဲ့ ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနားမှာ KNU ရဲ့ ဖာပွန်ခရိုင်တာဝန်ရှိသူတစ်ယောက်က “ သံလွင်မြစ်ဖြစ်ဖြစ် သောင်ရင်းမြစ်ဖြစ်ဖြစ် ဒီမြစ်တွေဟာ ကျတော်တို့ ဘိုးဘွားအစဉ်အဆက် လှုပ်ရှားနေထိုင်တဲ့ နေရာတွေဖြစ်တယ်၊ သံလွင်မြစ်ဟာ ကျတော်တို့ ဌာနေတိုင်းရင်းသား ပြည်သူ လူထုရဲ့ အဓိက မှီခိုအားထားနေရတဲ့ အသက်သွေးကြောဖြစ်တယ်၊ ဒီမြစ်ဘေးတစ်လျှောက် နေထိုင် ကြတဲ့ ပြည်သူတွေအနေနဲ့ ဒီမြစ်ကို မှီခိုပြီးတော့ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေကြရတယ်၊ အဲ့ဒါကြောင့် ဒီ ရေကာတာစီမံကိန်း ဖြစ်လာခဲ့မယ် ဆိုရင် ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံက အစိုးရတွေဘဲ  အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူ လူထုတွေရဲ့ နေထိုင်စားသောက်ရာ နေရာတွေဘဲ ပျက်စီးရမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံ အာဏာပိုင်တွေနဲ့ ကော်သူးလေဒေသအတွင်းရှိ ပြည်သူ လူထုအပြင် ထိုင်းနိုင်ငံက ပြည်သူလူထု စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့က စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသည့် အကူအညီများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။