တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက်က ကျောက်နီမော်ကျေးရွာ ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးစစ်စခန်းရှိ ဘန်ကာအနီး ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၄) ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ရဲ့ ဦးဆောင်မှုနဲ့ ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့၊ နွေဦးပြောက်ကျားတပ်ဖွဲ့ -ဒရုန်းအဖွဲ့ ၊ လောင်းလုံး-ပကဖ ဒရုန်းအဖွဲ့နဲ့ Sky Ghost Drone Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော် - BAMAR ARMY အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ် ( ၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
Read More

မုံရွာရဲစခန်းအချုပ်မှာ LGBT နိုင်ကျဉ်း ၁ ယောက် ဆေးရုံတက်ရောက်ကုသခွင့်မရလို့ ရောဂါပြင်းထန်စွာနဲ့ ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။