စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် ပါ၀င်ကူညီမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း Defend Myanmar Democracy အဖွဲ့ က ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘီလာရုစ်ခရီးစဉ်အတွင်း စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမှုဟာ စိုးရိမ်မှုတွေကို မြင့်တက်စေတယ်လို့ Defend Myanmar Democracy အဖွဲ့ က ဆိုပါတယ်။ 

ဘီလာရုစ်ခရီးစဉ်မှာ  မင်းအောင်လှိုင်က အာဏာရှင် သမ္မတ အလက်ဆန်းဒါး လူကာရှင်ကို ထံ  တရားမဝင် ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ပေးဖို့တောင်းဆိုတာကိုလည်း လူကာရှင်ကိုဘက်က လက်ခံမှုတွေ ရှိခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ  ရုရှား အစိုးရ ဟာလည်း စစ်ကောင်စီကပြုလုပ်မယ့်  တရားမဝင်ရွေးကောက်ပွဲကို ထောက်ခံသွားမှာ ဖြစ်ကြောင်း အသီးသီးသဘောတူညီမှုတွေ ရရှိခဲ့တာပါ။ 

ဘီလာရုစ်ရဲ့  လူကာရှင်ကဟာ  ဒီမိုကရေစီကို ထောက်ခံသူ မဟုတ်ခဲဘဲ ပြီးခဲ့တဲ့  ၁၉၉၄ ခုနှစ်တွင်ရွေးကောက်ခံပြီးကတည်းက နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဘီလာရုစ်နိုင်ငံမာ လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ 

၂၀၂၀ ခုနှစ် ဘီလာရုစ် အထွေထွေရွေးကောက်ပွဲ ရလဒ်များတွင်  ကြီးမားတဲ့ ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။အတိုက်အခံပါတီက မဲ ၆၀ ရာခိုင်နှုန်း အနိုင်ရထားကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက်  ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးရခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်ူ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ၄င်းကို ရှုတ်ချခဲ့ကြပါတယ်။  

၂၀၂၅ ခုနှစ် ဘီလာရုစ်နိုင်ငံ အထွေထွေရွေးကောက်ပွဲရလဒ်များအရ လူကာရှင်ကိုက ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ကြေညာခဲ့တာကြောင့် အတုအယောင်ရလဒ်ကို ငြင်းပယ်တဲ့ဆန္ဒပြပွဲများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့ပြီး အနောက်တိုင်း နိုင်ငံများကလည်း လူကာရှင်ကိုအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။

လူကာရှင်ကိုနဲ့ စစ်အုပ်စုဟာ အရင်ထဲက  ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြတာပါ။ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ဝါဒဖြန့်ချီရေးမီဒီယာတွေဟာ ပြီးခဲ့တဲ့ ဘီလာရုစ်အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ သွားရောက်လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။ 

လူကာရှင်ကိုက ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ပံ့ကူညီနေတာတွေကိုရှုတ်ချပြီး   နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူတွေကို ကူညီပြီး ရာဇဝတ်ကောင်စစ်အုပ်နဲ့ သူရဲ့အပေါင်းအပါတွေ အားထုတ်ဖော်ဆောင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှန်သမျှကို ငြင်းပယ်ဆန့်ကျင်ဖို့ က တိုက်တွန်းတယ်လို့ Defend Myanmar Democracy ကဆိုပါတယ်.။

Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ တရားမဝင်အာဏာ အတင်းသိမ်းဖို့ကြိုးပမ်းခဲ့တာကို တရားဝင်မှုရအောင် အားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်ပါတယ် လူကာရှင်ကိုရဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံလာပြီး ရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုတာဟာ တရားမဝင် ရွေးကောက်ပွဲ တစ်ခုမှာ အာဏာရှင်တစ်စုက ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ခံကူညီပေးတာလောက်ပဲရှိပါတယ်။ သူတို့ကြား ပူးပေါင်းမှုက တရားမဝင်တဲ့ အာဏာကိုဆုပ်ကိုင်ထားဖို့ ကြံစည်နေကြတဲ့ အာဏာရှင်တွေအချင်းချင်း အပြန်အလှန်ဖေးမနေကြခြင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

0 Shares:
You May Also Like
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြင်သစ်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးစာ ပေးပို့ပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ကျဥ်းအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။
Read More

တောမီးကြောင့် ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မြို့တော်နဲ့ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းနေ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။