ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နစ်မိုင်ရပ်ကွက်ရှိ OK ဂိုဒေါင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဂိုဒေါင်မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 

KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ အခုဆိုရင် ၃လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်း – Banmaw Scout Team

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၄ လောင်းနဲ့အတူ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်တွေနဲ့ ဖမ်းဆီးရမိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စခန်းစွန့်ခွါ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးမိခဲ့ပြီး အလောင်း ၁၄ လောင်း ရရှိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားများ၏ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။