စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ အကြီးအကျယ် စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုးအထိ စားနပ်ရိက္ခာရှားပါးမှုပြဿနာနဲ့ ကြုံနေရကြောင်း ကုလသမဂ္ဂ (UN)က သတိပေးလိုက်တာ ဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေထံ စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးနေရတာကြောင့် ဒေသခံတွေထံ  လူသားချင်းစာနာမှု အကူအညီလမ်းကြောင်းတွေ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ပင်ခဲ့လို့ အခြေအနေတွေ ပိုမိုဆိုးရွားလာတာလည်း ဖြစ်ပါတယ်။ 

လူသားချင်းစာနာမှု အကူအညီပေးသူတွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားလေ့ရှိတာကြောင့် ဆိုးရွားနေပြီးသား စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမို ဆိုးရွားစေတယ်လို့ UN ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

UN ရဲ့ အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးရဲ့  မြို့နယ် ၉၆ ရာခိုင်နှုန်းမှာ ဖြစ်ပွားနေတဲ့  စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ တားမြစ်ပိတ်ဆို့မှုတွေအပြင် ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေက အကျပ်အတည်းကို ပိုဆိုးသွားစေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ အထူးသဖြင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရိက္ခာမလုံလောက်မှုကို အဆိုးဆုံးကြုံတွေ့နေရပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိတဲ့ အခြေခံစားကုန်တွေဟာ ၂၀၂၄ ခုနှစ်ထက် ၃၀ ရာခိုင်နှုန်း ထပ်မံစျေးတက်လာဖွယ် ရှိတယ်လို့ UN က ခန့်မှန်း သတိပေးထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဖို မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေပြီလို့လည်း ဆိုပါတယ်။ 

ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့လည်း မြန်မာ ဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးပို့နိုင်ရေး ကြိုးပမ်းပေးကြဖို့ UN က အရေးတကြီး တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးတွင် မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။
Read More

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံ၊ တော်လှန်ရေးကို NUG ပြတ်ပြတ်သားသား ဦးဆောင်ရန် လူထုက တိုက်တွန်းကြောင်း ထုတ်ပြန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။