ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ၁၃ရက် မနေ့က ညပိုင်းမှာ ရွာသစ်ရွာအတွင်းရှိနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း ၄၅ မိနစ်ကြာ အပြန်အလှန် ထိတွေ့မှုဖြစ်ခဲ့တယ်လို့ Royal Thunder Column – တော်ဝင်လျှပ်စီးစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောပြပါတယ်။

“စကစဘက် ထိခိုက်မှုတွေရှိပေမယ့် တိုက်ပွဲက ညဘက်ဖြစ်နေတာရယ် အဲ့ရွာက သူတို့တွေ(စကစ) တပ်စွဲထားတာကြာနေပြီဆိုတော့ ရွာခံတွေလည်း မနေရဲတာကြာပါပြီ။ အဲ့တော့ စကစထိခိုက်မှု အတိအကျကို မသိရပါဘူး။” လို့ Royal Thunder Column – တော်ဝင်လျှပ်စီးစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က မောင်းကိုပြောပြပါတယ်။

တော်ဝင်လျှပ်စီးစစ်ကြောင်းနှင့် နေပြည်တော်တိုင်းစစ်ဒေသ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် (ဓာတ်ပုံ တော်ဝင်လျှပ်စီးစစ်ကြောင်း)

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကတည်းက ဝင်ရောက်တပ်စွဲနေခဲ့တာဖြစ်ပြီး အရပ်သား ၅၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

အင်အား ၆၀ကျော်နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသစ်ကျေးရွာအတွင်းက နေအိမ်အားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့နဲ့ စခတပ်က နယ်မြေချင်းထိစပ်နေတော့ မကြာခဏ ထိတွေ့မှုရှိပါတယ်။ ရွာသစ်က စစ်အုပ်စုထောက်ခံတဲ့သူတွေရှိသလို  ရှောင်နေရသူတွေလည်းရှိနေပါတယ်။” လို့ ရဲဘော် အီဗယ်က ပြောပြပါတယ်။

ရွာသစ်ရွာအတွင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုမှာ Royal Thunder Column-တော်ဝင်လျှပ်စီးစစ်ကြောင်းနဲ့အတူ နေပြည်တော် ၈၀၁ တပ်ရင်းနဲ့ ဗိုလ်မုတ်ဆိတ် ဦးဆောင်တဲ့ ရေတာရှည် ပကဖအဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံထောင်မှ နိုင်ကျဥ်း ၁ဦးကို ရောဂါပြင်းထန်မှ ပြင်ပဆေးရုံပို့ပေး၊ ဆေးရုံရောက်သည့်ရက်မှာပင် ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တန်ပြန်ဒရုန်းနည်းဗျူဟာ တိုးတက်အောင် လုပ်ဆောင်ရန် သင်တန်းဆင်းစစ်သားများအား မင်းအောင်လှိုင်ပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟုလည်း လက်နက်နှင့်အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ကဆို

စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။