ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA ပူးပေါင်းတပ်တွေက ၂ လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မတ်လ ၁၂ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အများအပြား သေဆုံးပြီး စစ်သုံ့ပန်းတချို့ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

AA က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပန်းတောင်းမြို့နယ်က ဒုတိယမြောက်စခန်းအဖြစ် ညောင်ကျိုးစခန်းကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ညောင်ကျိုးစခန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူအများအပြား အသုံးပြုခဲ့သလို စစ်မှုထမ်းဆင်း စစ်သားတွေ ရာနဲ့ချီ စစ်ကူအင်အားပို့ပြီး ခုခံခဲ့ပေမယ့် AA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို မခံနိုင်ဘဲ စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

AA ပူးပေါင်းတပ်တွေက တောင်ကုတ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် တောင်ကုတ်-ပန်းတောင်းရိုးမလမ်းအတိုင်း ပဲခူးတိုင်းထဲ ထိုးစစ်ဆင်နေသလို ရခိုင်-မကွေးနယ်စပ် အမ်း-ပဒါန်းလမ်းကြောင်းနဲ့ ရခိုင်-ဧရာဝတီတိုင်းနယ်စပ် ဂွ-ငသိုင်းချောင်း လမ်းကြောင်းတွေမှာလည်း စစ်ဆင်ရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလတွင် နိုင်ငံတဝန်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၁၅ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၁၁၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။