ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် – PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ ၂ ပတ်ကျော်ကြာ ထိုးစစ်ဆင်အပြီး ဒီနေ့ မတ် ၁၄ ရက် မနက်အစောပိုင်းမှာတော့ အဆိုပါတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ပူလူတူစခန်း မီးလောင်နေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)
ပူလူတူစခန်း မီးလောင်နေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)

KNU တပ်မဟာ (၇) နယ်မြေထဲက ပိုင်ကျုံမြို့နယ်ရှိ ပူလူတူတပ်စခန်း မကျရေးအတွက် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးခဲ့ပါသေးတယ်။

ကရင်သတင်းဌာန KIC ကတော့ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးပြီး ၄ ယောက်အရှင်မိကာ ၁၁ ယောက်က လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၂၂) မှ တပ်ရင်းမှူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။

ထိုင်းနယ်မြေထဲဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို ထိန်းသိမ်းထားပြီး လူသားချင်းစာနာထောက်ထားမှုအရ လိုအပ်တဲ့ အထောက်အပံ့တွေပေးထားတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်သားတွေ လုံခြုံရေးယူနေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)
ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်သားတွေ လုံခြုံရေးယူနေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)
ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်သားတွေ လုံခြုံရေးယူနေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)
ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်သားတွေ လုံခြုံရေးယူနေပုံ (ဓာတ်ပုံ မြဝတီ&မဲဆောက်မီဒီယာ)
0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်ခရိုင်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ (၄၅) ကြိမ် ဖြစ်ပွါးခဲ့၊ စစ်ကောင်စီတပ်သား (၁၁) ယောက် သေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။