စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။

တောပုရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ချမ်းသာကျွန်းကြီး၊ ထိမ်ပင်စုရွာတွေကို စစ်ကြောင်းထိုးပြီး ညောင်ဖြူပင်စခန်းမှာ ဝင်ရောက်စခန်းချနေချိန် မတ်လ ၁၃ ရက်ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မအူစခန်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာပင် ခရိုင်တပ်ရင်း (၃၅)၊ တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (ဆားလင်းကြီး)နဲ့ တပ်စိတ်(၁) မုံရွာအခြေစိုက် 5/Fighter Group (မုံရွာ) PDF တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် မနေ့နေ့လယ်ပိုင်း စစ်အာ ဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Democracy Movement Strike Committee-Dawei ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တောင်ညိုဆည်မကျီုးပင်ဂိတ်ကို တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေး (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၂ ယောက်သေပြီး ၆ ယောက် ဖမ်းဆီးမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးကာ ၆ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ ရတနာပစ္စည်းအရောင်းဆိုင် လက်နက်ကိုင် ခြိမ်းခြောက်ဓားပြတိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။
Read More

ဖိလစ်ပိုင်တွင် ပြင်းအား ၆.၉ ငလျင်လှုပ်ခတ်မှု လူအများအပြား ထိခိုက် သေဆုံး (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့ညပိုင်းက ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။