မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းကစပြီး ဂန့်ဂေါမြို့တောင်ပိုင်း  မြစ်သာဆည်ဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ ခလရ ၅၀ တပ်သားတွေဟာ ရှုံးရှီ၊ ပြင်သာ၊ အင်းနားနဲ့ ရှောက်ပင်ရွာတွေက အရပ်သား ၈ယောက်ကို မြစ်သာဆည်ပေါ်အထိ လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက  ၅ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ပြင်သာ ရွာသား ၁ ယောက်ကိုတော့ ရိုက်နှက်သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးရာလမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း  ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ အင်းနားရွာသား ၁ယောက်နဲ့ ရှုံးရှီရွာသား ၁ယောက်လည်း ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့တာကြောင့် ဂန့်ဂေါဆေးရုံကြီးမှာ ဆေးကုသနေရကာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ဖမ်းဆီးခံရတဲ့ ၈ယောက်ထဲက ၅ ယောက်ကိုမျက်နှာတွေ ပုဝါစည်းပြီး လောင်ထောင်ဂိတ်ကနေ လွှတ်ပေးလိုက်ပါတယ်။ လွှတ်လိုက်တဲ့ ၅ ယောက်မှာ ရှုံးရှီရွာက ၂ ယောက် ပါတယ်။ ​ရှောက်ပင် (အောင်မြင်) ရွာက ၁ယောက်ပါတယ်။ နောက်ပြီးပြင်သာရွာသား ၂ ယောက်ရယ်ပါ။ စိတ်ကျန်းမာရေးမကောင်းတဲ့ ပြင်သာရွာက အသက် ၆၀ အမျိုးသားကတော့ စခတွေရဲ့လက်ချက်နဲ့ပဲ မြစ်သာဆည်ပေါ်တင် သေသွားပါတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ်လ ၁ ရက် ညပိုင်းကတည်းက မြစ်သာဆည်ပေါ်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး စစ်ကြောင်းထိုးရာလမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်ဆောင်နေခဲ့သလို ဂန့်ဂေါနယ်နဲ့ ထီးလင်းနယ်တွေက MPT ဖုန်းလိုင်းတွေကို ပိတ်တာဖွင့်တာအပြင် လျှပ်စစ်မီးဘရိတ်ကာတွေကိုပါ ပိတ်ထားခဲ့တာကြောင့် ဆည်အနီးနားကျေးရွာတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက် ညပိုင်းမှာတော့ မြစ်သာဆည်အနီးပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ ဆည်ပေါ်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက​ လေကြောင်းတိုက်ခိုက်မှုကိုအကာအကွယ်ယူရင်း​ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မတ်လ ၁၁ရက်နေ့မှာတော့ လောင်ထောင်ဂိတ်ကတဆင့် ခရလ ၅ တပ်ရင်းအတွင်း စစ်ကြောင်းလိုက် ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ကိုဘကောင်းက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ​စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။