မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ အောင်လံမြို့နယ်အတွင်းက တလုတ်ပင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေနဲ့ ရဲဒုတပ်ကြပ် မျိုးကြီးတို့ ရှေ့ဆင့်​နောက်ဆင့် ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် ကျန်ရစ်တဲ့နေအိမ်တွေကို အောင်လံပကဖ က ချိတ်ပိတ်သိမ်းဆည်းသွားမယ်လို့ သိရပါတယ်။

အောင်လံမြို့နယ်အတွင်းက ရွှေပန်းတောနဲ့ သမ္ဘူလတိုက်နယ်တို့မှာ အရပ်သားတွေကို နည်းလမ်းမျိုးစုံနဲ့ ဆပ်ကြေးကောက်ငွေညှစ်ရင်း ပြည်သူပိုင် ပစ္စည်းသိမ်းဆည်းတာတွေနဲ့ ချမ်းသာကြွယ်ဝလာတဲ့တလုတ်ပင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေကို အောင်လံပကဖရဲဘော်တွေက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာလည်း သမ္ဘူလတိုက်နယ် ရဲစခန်းက ရဲဒုတပ်ကြပ်ဖြစ်သူ မျိုးကြီးကို အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံပစ်ခတ်ရှင်းခဲ့ပါတယ်။

အောင်လံမြို့အတွင်း စစ်အုပ်စုများ စစ်ဆေးရေးလုပ်နေစဥ် (ဓာတ်ပုံ အောင်လံမြို့ မြေပြင်စစ်ရေးသတင်း)

ရဲဒုတပ်ကြပ်ဖြစ်သူ မျိုးကြီးအနေနဲ့ သမ္ဘူလတိုက်နယ်အတွင်းက အရပ်သားတွေကို ပုံစံအမျိုးမျိုးနဲ့ဆပ်ကြေးတောင်းခံရင်း ဖမ်းဆီးခြိမ်းခြောက်တာနဲ့ ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းတဲ့ စစ်ဒေါက်တိုင် ၂ယောက်ရဲ့ နေအိမ်တွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ ရရှိထားတဲ့ငွေကြေးတွေကို အသုံးချ ဆောက်လုပ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ အဲ့ဒီအိမ်၂လုံးကို ကျိန်းသေပေါက် ချိတ်ပိတ်မှာပါ။ ဒါကြောင့် ရောင်းမှားဝယ်မှား မဖြစ်အောင် ပထမအဆင့်အနေနဲ့ အရောင်းဝယ်မလုပ်ဖို့ တားမြစ်ချက်ထုတ်တာပါပဲ။ လောလောဆယ်လုပ်မရသေးဘူး ဆိုပေမယ့် သမ္ဘူလနဲ့ တလုတ်ရွာတွေထဲ လွတ်လပ်စွာ ဝင်ထွက်လို့ ရပြီဆိုရင်တော့ ဒုတိယအဆင့်နေအိမ်တွေကို ချိတ်ပိတ်သွားမှာပါ” လို့ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ သရက်ခရိုင်၊ အောင်လံမြို့အတွင်းက တလုပ်ပင်ရွာအပါအဝင် သမ္ဘူလရွာရဲစခန်းတို့မှာလည်း စစ်ကောင်စီက အင်အားဖြည့်တင်းထားကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်တွင် အကြမ်းဖက်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိကာ လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရတဲ့ နေပြည်တော်က ဝန်ကြီးဌာနအားလုံး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြောဆိုလိုက်ပါတယ်။