ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။

မနေ့က မတ်လ ၁၂ ရက်‌‌နေ့မှာ ရန်ကုန်သပိတ်အင်အားစုတွေက စစ်ကောင်စီအပေါ် အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာကို ဥရောပသမဂ္ဂ အစိုးရအဖွဲ့ဝင်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့လိုက်တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့   ရက်စက်ယုတ်မာ အနိုင်ကျင့်မှုတွေကို ရပ်တန့်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့်  စစ်ကောင်စီက ILO ရဲ့ တိုက်တွန်းချက်တွေကို မလိုက်နာခဲ့တာကြောင့် လက်ရှိ မတ်လ ၁၀ ရက်နေ့ကနေ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မယ့် “ILO Governing Body ILO” အမှုဆောင်အစည်းအဝေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေ၊ ILO အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီကို အရေးယူပေးဖို့  ရန်ကုန်သပိတ် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

အိတ်ဖွင့်ပေးစာအတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံရေးပြုလုပ်နေခြင်းကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံဖို့၊ စစ်အုပ်စုရဲ့တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကို ပယ်ချဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်မှုတွေကို ထိရောက်စွာရပ်တန့်နိုင်ငံရေးအတွက် စစ်ကောင်စီရဲ့ ဝင်ငွေ ရပေါက်ရလမ်းတွေကို ဖြတ်တောက်ဖို့ တိုက်တွန်းတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ပြန်လည်ရရှိစေရေး၊ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ အရေးယူ ဆောင်ရွက်ရာမှာ ရပ်တည်ဆောင်ရွက်ပေးဖို့လည်း သပိတ်အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

Myingyan Black Tiger – MBT ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း (Myingyan Black Tiger - MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်၏‌‌ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်မှ (၅) ဦး သေပြီး ထောက်ပို့ယာဉ် (၂) စီးပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းတွင် ဖဲဝိုင်းမှ ပြန်ခေါ်လာရသည့် မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူ ရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချသတ်သေ၊ ရပ်ကျေးပအဖများ အကောက်ယူ ဖွင့်ထားသည့် ဖဲဝိုင်းဖြစ်သည်ဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။