အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဒေသမှူးက သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်းနဲ့ အရေးကြီးပြီ သီချင်း သံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ် အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့က သင်တန်းသား (၁၁၅) ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ပဲခူးရိုးမတွင် ၃ လအတွင်း ကိုယ်ဝန်ဆောင် ၂ ဦးအပါ ပြည်သူ ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အစပ် ပဲခူးရိုးမပေါ်ရှိ ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက ၃ လတာအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ယောက် အပါအဝင် ပြည်သူ ၁၈ ယောက်ကို ဖမ်းဆီးကာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ ထံက သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်ထားကာ ကုန်ဈေးနှုန်းများ ထပ်တက်လာမှာကို ပြည်သူများ စိုးရိမ်နေကြ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေဘက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားပြီး ကုန်တင်ကားတွေလည်း သွားလာရခက်ခဲနေကြပါတယ်။