မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF – မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးမှာ ဒဏ်ရာရတပ်သားတွေကို ထားခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းများ ထွက်ဆို (ရုပ်/သံ)

''ကျွန်တော်တို့ သိတောင် မသိလိုက်ဘူး။ ဆေးခန်းထဲမှာ ဆေးကုနေတာ။ သူကို (စိုင်းသူရဌေး)တွေ့ရင် သတ်ပစ် ချင်တယ်။ ခေါင်းဆောင်ကောင်း မပီသလို့''လို့ ဖမ်းဆီးခံ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ် နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံ (ရုပ်/သံ)

(၄၇) ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ်က နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။