ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံပေါင်း ၃ဝ က နိုင်ငံခြားသား ၇၅၂၃ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ မတ်လ ၁၂ ရက်နေ့အတွင်း ရှာဖွေထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဆိုပါ ၇၅၀၀ကျော်ထဲက ၃၀၀၀ နီးပါးကို ပြန်လည် လွှဲပြောင်းထားနိုင်ပြီး ကျန်ရှိတဲ့ လူ ၄၀၀၀ လောက်ကိုလည်း လွှဲပြောင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ BGF က မနေ့က မတ်လ ၁၂ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားနေတဲ့ BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်

BGF ထိန်းသိမ်းထားတဲ့အထဲမှာ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ မလေးရှား၊ တောင်အာဖရိက၊ နီပေါ၊ ကမ္ဘောဒီးယား၊ ယူဂန်ဒါ၊ နိုင်ဂျီရီးယား၊ ထိုင်ဝမ် စတဲ့ နိုင်ငံပေါင်း ၃ဝ က နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြဝတီမြို့နယ်အတွင်းက ကာစီနိုလုပ်ငန်းတွေ၊ ငွေလိမ်လုပ်ငန်းတွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြန်ခေါ်ဖို့ တွန့်ဆုတ်နေလို့ အခက်အခဲတချို့လည်း ရှိကြောင်း BGF က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

လူထုထံအာဏာပြန်အပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို၊ လွှတ်တော်ဖျက်သိမ်းပြီး ၂ လအတွင်း ရွေးကောက်ပွဲလုပ်ဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်ဟာ ကြာသပတေးနေ့ ဒီဇင်ဘာလ ၁၀ ရက်ညက သူ့ရဲ့လူမှုကွန်ရက်မှာ “လူထုထံ အာဏာပြန်အပ်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။