PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

အထွေထွေထိုးစစ် ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးဖို့  မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားလိုက်တာပါ။

“ PDF ပကဖနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ အဆုံးတနေ့မှာ ဆိုးယုတ်မှု မှန်သမျှ ကျဆုံးပြီး ကောင်းမြတ်ခြင်းအမှန်တရားက အောင်ပွဲခံရမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်” လို့ ဦးရည်မွန်က ဆိုထားပါတယ်။

PDF/ပကဖ ရဲဘော်တွေ CoC နှစ်ရပ်နဲ့ တိုက်ခိုက်မှုစွမ်းရည် အားကောင်းတဲ့  ရဲဘော်တွေအဖြစ် စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့သလို့ လက်နက်ကိုင်အင်အားစုအားလုံး အလံတော်တစ်ခုတည်းအောက်မှာ စုစည်းပြီး ပြည်သူ့တော်လှန်ရေး တစ်ရပ် ဆင်နွှဲဖို့နဲ့ စနစ်ပြောင်းရေးဦးတည်တဲ့ တော်လှန်ရေးဖြစ်တယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့ အခါ ရှေ့ပြေး အမြုတေဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့လည်း သူကပြောပါတယ်။

တော်လှန်ရေး အစောပိုင်းကာလတွေအတွင်း  တဖက်မှာ တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယအဆင့်အနေနဲ့ အင်အားစုစည်းပြီး မဟာ ဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံကို ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။

တတိယအဆင့်အဖြစ် တော်လှန်ရေးအဖွဲ့တွေအားလုံး လက်တွဲပြီး နိုင်ငံအနှံ့မှာ စစ်မျက်နှာအလိုက် ထောင်သောင်းချီတဲ့ အင်အားနဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲကာ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရတော့မယ်လို့ ဦးရည်မွန်က ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးပစ်သည့် အရာရှိအပါ ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကင်မ်အဲရစ် တီးခတ်ခဲ့သည့် ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဖြင့် လေလံအောင်၊ ရန်ပုံငွေပွဲမှ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်အထိ ရရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နဲ့  မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာနဲ့ အမြင့်ဆုံး ဈေးပေးပြီး လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်  လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ ၂၀ ဦးထက်မနည်း သေဆုံးပြီး RPG အပါ သေနတ် ၅ လက် သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။