ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ တပ်ရင်းအကြီးအကဲတွေက ရဲဘော်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးစကားတွေ ပြောကြားခဲ့ပြီး ရဲဘော်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း နားထောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေကလည်း တပ်ခွဲအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို မေးမြန်းဆွေးနွေးခဲ့ပြီး  တပ်ရင်းအကြီးအကဲက ရဲဘော်တွေအတွက် ယူနီဖောင်းတွေ ပေးအပ်ကာ လိုအပ်တဲ့ စစ်လက်နက်တွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျေးရွာများ မီးရှို့ဖျက်ဆီးပြီး တောင်သာမြို့နယ်သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်း ပိတ်ဆိုတိုက်ခိုက်ခံရပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်သာမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း၏ စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်သား ၉ယောက် သေပြီး ၄ယောက်ဖမ်းမိတဲ့ အောင်သပြေဂူကုန်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အောင်သပြေကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်လိုက်ပါတယ်။