မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက  ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်မှာ ခရီးသည် ၁၅ ယောက် အပါအဝင် စုစုပေါင်း ၁၉ ယောက် စီးနင်းလိုက်ပါလာပြီး မီးလောင်မှုကြောင့် လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဲဒီယာဉ်ဟာ လမ်းခုလတ်တစ်နေရာအရောက် ယာဉ်နောက်ပိုင်း အင်ဂျင်ခန်းပိုင်းအပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ပြီး ယာဉ် ၁ စီးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာမှ အင်အား ၁၅၀ ခန့်နှင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်ခန့်မှာ ကျောက်ပြုတ်ရွာကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အသင့်ထောင့်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး စစ်ကြောရေးမှူးအပါအဝင် ရဲ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force  အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး တော်လှန်‌ပြည်သူတွေ ဝန်းရံပေးကြဖို့ တောင်းဆို (ရုပ်/သံ)


လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ နေပြည်တော်အနီး ချဉ်းကပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးမယ့် အကူအညီတွေ လိုအပ်နေတဲ့အတွက် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) တပ်ရင်းမှူး ဇင်ယော်က အခုလို တောင်းဆိုထားပါတယ်။
Read More

စစ်မှုထမ်းတပ်သားသစ်များ တင်ဆောင်လာသည့် ကွန်တိန်နာသင်္ဘောအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်မှုထမ်းတပ်သားသစ်တွေ တင်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ကွန်တိန်နာသင်္ဘောကို မတ်လ ၄ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်ထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"
Read More

ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNL ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် ၅ ယောက်ထက်မနည်း သေ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ‌ညောင်ရွှေမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ဗိုလ် မှူးအပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Pekhon Sky Predators Drone Force အဖွဲ့ထံက သိရပါတယ်။