ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

သဝဏ်လွှာအတွင်း CRPH အနေနဲ့ ပအိုဝ်းတိုင်းရင်းသားတွေအပါအဝင်  မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စုစည်းညီညွတ်စွာ အတူတကွ ရပ်တည်ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။ 

စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်ရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသားတွေကို လေးစားဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေက မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါတဲ့ အထောက်အပံ့အင်အားတစ်ရပ်လည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အနာဂတ်မှာ  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပအိုဝ်းတိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှုတို့ အပြည့်အဝ ရရှိနိုင်မှာဖြစ်ကြောင်း CRPH က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ သပ်လျှိုသွေးခွဲမှုတွေကို တိုင်းရင်းသားပြည်သူ တစ်ဦးတစ်ယောက်ချင်းရဲ့ တော်လှန်အသိ၊ တော်လှန်သတိ၊ တော်လှန်ဝီရိယတို့နဲ့အတူ ကျော်ဖြတ်နိုင်ဖို့ အထူးအရေးကြီးတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA နဲ့ ပအိုဝ်းပြည်သူ့စစ် အပါအဝင်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား စစ်ရေးအရ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ရှမ်းနဲ့ ကရင်နီနယ်စပ်မှာ ဒေသခံထောင်နဲ့ချီဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PNLA အနေနဲ့  ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မှာမဟုတ်ဘဲ ပအိုဝ်းဒေသကို နှစ်ပေါင်းများစွာ နှိပ်စက်ဖျက်ဆီးလာခဲ့တဲ့ စစ်အာဏာရှင်အတွက် အသက်ပေးကာ ပအိုဝ်းအမျိုးသားအချင်းချင်း ပြန်လည်တိုက်ခိုက်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့လည်း လေးလေးနက်နက် စဉ်းစားကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်းကြဖို့ PNLA က  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်၏ ကျဆုံးခြင်း ၄ နှစ်ပြည့် ပြုလုပ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။