ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မတ်လ ၁၂ ရက် မနက် ၃ နာရီလောက်မှာ သတ်ဖြတ်ခံထားရတဲ့ အလောင်း ၂လောင်းကို ကျေးရွာနေ ပြည်သူတွေက တွေ့ရှိခဲ့တာပါ။

“မနက်၃နာရီလောက်မှာ စခနဲ့ ရခတွေ အိမ်စီးကားနဲ့ အလောင်းလာချ သွားတာလို့သိရတယ်…. နောက်တော့ အလောင်းကို ရဲကားကပဲ လာကောက်သွားပါတယ်၊ ရွာခံတွေကတော့ ပျူတွေ လုပ်တာပေါ့.. ပြောနေကြတာ” လို့ နတ်တလင်းမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ အလောင်းတွေမှာ အနက်ရောင် သေမင်းတမန်ဆိုတဲ့ စားသားပါ ကတ်ပြားကိုလည်း ချိတ်ဆွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူ ၂ယောက်ဟာ ကွင်းစမ်းကျေးရွာနဲ့ စောင်းဝှက်ကျေးရွာတို့မှာ နေထိုင်တဲ့ ပြည်သူတွေ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

ဒေသခံ ပြည်သူတွေကတော့ အနက်ရောင် သေမင်းတမန်အဖွဲ့ဆိုတာ စစ်တပ်လက်အောက်ခံဖြစ်ပြီး ပျူစောထီးလိုမျိုး စစ်တပ်က ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုကြပါတယ်။ အနက်ရောင် သေမင်းတမန်အဖွဲ့က ပြည်သူတွေကို PDF အဖြစ် စွပ်စွဲသတ်ဖြတ်နေတာဟာ ၁၀ ယောက်နီးပါး ရှိလာနေပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ်၊ ဧပြီ ၂၂ ရက်က လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာအနီးမှာ လူငယ် အမျိုးသားအလောင်း ၁လောင်း၊ မေ ၆ ရက်က ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာမှာ လူငယ်အမျိုးသား အလောင်း ၃ လောင်း၊ မေ ၁၃ ရက်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပြည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အမျိုးသား အလောင်း ၁ လောင်းနဲ့ ဩဂုတ်လ ၁၄ ရက်နေ့ ပေါက်ခေါင်းမြိုနယ်၊ ဗောဓိကုန်းကျေးရွာမှာလည်း အမျိုးသား အလောင်း ၂လောင်း တို့ကို  “အနက်ရောင်သေမင်းတမန်အဖွဲ့” စာတန်း ချိတ်ဆွဲလျက် သေဆုံးနေတာတွေကို တွေ့ရှိထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) ထံက သိရပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀) ဗုံး (၂) လုံး အပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး (၂) လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။