မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အင်အား ၅၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်သွားကြောင်းသိရပါတယ်။

မတ်လ ၁၀ရက်၊ မနက်အစောပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာကနေ ရွာသာကျေးရွာဘက်ဆီ ပုဇင်းခေါင်းထော်လာဂျီ ၁စီး နဲ့ ခြေလျင်စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းကွင်းအလယ်တည့်တည့်အရောက်မှာ အမိအရ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Special Task Force Ngazun တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

စစ်အုပ်စုတွေ မိုင်းကွင်းထဲအရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပဒေသာမိုင်း ၃လုံး၊  ရှေ့ထွက်စိန်ပြောင်း ၁၂လုံးတို့နဲ့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်အုပ်စုတွေ ထိခိုက်သေဆုံမှုများခဲ့တယ်လို့လည်း သိရပါတယ်။

“သေတာက ၁၇ယောက်လောက်ရှိမယ်။ ဒါပေမယ့် ကျနော်တို့ ၁၅ယောက်ပဲ သေချာရေနိုင်လိုက်တယ်။ ထိတာက အများအပြားပါ။ သေသွားတဲ့ကောင်တွေကို ကား၄စီးနဲ့ ချက်ချင်းပဲ လာကောက်တယ်။ သေနတ်တွေလည်း ယူသွားတယ်ပေါ့။ လာသယ်တဲ့ကားတွေကလည်း ပေါ်တာဆွဲလာတဲ့ကားတွေပါ။ ဝါးကား ၁စီးရယ်၊ မြို့သာစက်မှုထဲက ကားရယ်၊  ထွေအုပ်ရုံးက ဖောကား၂စီးရယ်နဲ့ပါ။” လို့ Special Task Force Ngazun တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီက ထိခိုက်သေဆုံးတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ဂွေးကုန်းကျေးရွာဆီ ပြန်လည်သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း၊ တပ်ခွဲ(၃) Special Task Force Ngazun က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်များ မိုင်းဆွဲခံရသည့် နေရာအားတွေ့ရစဥ် (ဓာတ်ပုံ Special Task Force Ngazun)

0 Shares:
You May Also Like
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဂုတ်ကြီးစခန်းကို AA ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။