မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဟိန္ဒူအမျိုးသားရေးပါတီ (BJP) မဏိပူရအမတ် ဆာနာဂျိုဘာက ရန္တပိုစာချုပ် (၁၈၂၆) နဲ့ ကဘော်တောင်ကြားစာချုပ် (၁၈၃၄) ကို အထောက်အထားအဖြစ် ကိုးကားပြီး ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယထံ ပြန်အပ်ဖို့ မနေ့က အထက်လွှတ်တော်မှာ ပြောကြားမှုအပေါ် စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် မြ၀တီရုပ်သံကတဆင့်  ပြန်လည်တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့ ဇော်မင်းထွန်းက ဆိုပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

ဇော်မင်းထွန်းက မြန်မာ-အိန္ဒိယ နယ်စပ်ဟာ ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားပြီး တိုင်းတာပြီးစီးထားတဲ့ နယ်နမိတ်က ၁,၄၀၀ ကျော်ရှိကာ ကဘော်ချိုင့်ဝှမ်းကလည်း အဆိုပါ ဧရိယာအတွင်းပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင် ကာလတွေတုန်းကလည်း ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယဘက်က မကြာခဏ ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုမှုအချို့ပြုလုပ်ခဲ့လို့ ဒေသခံတွေဘက်က ဆန္ဒပြမှုတွေ ရှိခဲ့ပါသေးတယ်။

ကဘော်ချိုင့်ဝှမ်းဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က အခုလို ပြောဆိုလာမှုဟာ တိုင်းပြည် စစ်အာဏာသိမ်းခံထားရပြီး တည်ငြိမ်မှုမရှိတာကြောင့် အိမ်နီးချင်းနိုင်ငံရဲ့ အခွင့်ကောင်းယူမှုသာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရ ပြည်နယ်အတွင်းသို့ ပြန်လည်ထည့်သွင်းရန်တောင်းဆိုမှုဟာ ဖြစ်နိုင်ချေမရှိဘဲ အိန္ဒိယလွှတ်တော်အတွင်း တောင်းဆိုမှုသက်သက်သာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်လွှတ်တော်အမတ်တစ်ယောက်က မြန်မာပြည်ထဲ ဝင်ရောက်လာပြီး ချင်းပြည်ကောင်စီ (CC)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံကာ ချင်းပြည်နယ်ကို အိန္ဒိယနဲ့ ပူးပေါင်းဖို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်တွန်းပြောကြားမှုတချို့ ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် နယ်ထိန်းရဲ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။