မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army – MLA) ရဲ့ Galon Drone Team – 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ Galon Drone Team – 2 (Multi-Rotor )ဒရုန်းတပ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို နည်းပညာပိုင်းအသုံးပြုကာ ဆန့်ကျင်လိုတဲ့လူငယ်တွေနဲ့ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Galon Drone Team – 2 (Multi-Rotor ) ဒရုန်းတပ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အတွင်း ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း ၊ ကော့ကာ(ဘုရားငုတ်တို) ၊ ကော့ဘိန်း၊ ချောင်းနှစ်ခွ၊ ကျိုက်ဒုံ၊ ဓမ္မသ စတဲ့ နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အကြီးတန်းအရာရှိအဆင့်တွေ အပါအဝင် တပ်သားအဆင့် အယောက် (၁၅၀) ကနေ (၂၀၀) အထိ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ တိုးလာဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား နန်းတွင်းစစ်ကြောရေးတွင် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။