ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးမှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက လုံ ခြုံရေးတာဝန်ယူထားပြီး  အုပ်ချုပ်ရေးမှူးရုံးစောင် ကာကင်းကို ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူ့စစ်မှုထမ်း အဓမ္မ ဥပဒေကို အသက်သွင်းနေတဲ့ စစ်ကောင်စီ ဒေါက်တိုင် ယန္တရားဖြစ်တာကြောင့် စစ်ရေး ပစ်မှတ်အဖြစ် လက်တုန့်ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ Civilian Military -SRDF နဲ့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်အတွင်း ကျေးရွာများ ဖျက်ဆီးနေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၃ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်း F-16 တိုက်လေယာဉ်များ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှု စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးအား အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမှတ် - ၉၇၀၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတဲ့အတွက် ပြည်သူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။